Sunday, October 19, 2008

ISO ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာသော တရုတ် နိုင်ငံ




http://www.khitlunge.net
ဒူဘိုင်းမြို့တွင် ကျင်းပသော ISO အထွေထွေညီလာခံက အမြဲတမ်းအဖွဲ့ဝင် ဦးရေကို တိုးချဲ့ရန်ဆုံးဖြတ်
ခဲ့သည်။ ဤသို့ဖြင့် သောကြာနေ့က တရုတ်နိုင်ငံအား ဆဌမမြောက် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့ကြသည်။
အမြဲတမ်းခြောက်နိုင်ငံသည် ထုတ်ကုန်ပစ္စည်းစံချိန်စံညွှန်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မဲ
ပေးခွင့်ရှိသည်။ အလှည့်ကျ အဖွဲ့ဝင် ၁၄ ဦးကို ၃ နှစ်တစ်ကြိမ် ရွေးချယ်သည်။တရုတ်နိုင်ငံသည်နိုင်ငံတကာစံချိန်
စံညွှန်းကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်၍ ISO အဖွဲ့ကြီးအား အခြားသော ချမ်းသာသည့်နိုင်ငံများထက်
ပို၍ပံ့ပိုးမှုပြုသည်။ နိုင်ငံတကာစံချိန်စံညွန်း အများအပြားလျှောက်ထား၍ အခွန်အခ ကိုလည်း အများအပြားပေး
ဆောင်ခဲ့သည်။ (ဆင်ဟွာ)

(၁၈၊ ၁၀၊ ၂၀၀၈) ရက်၊ နံနက် (၉း၃၀) နာရီ။

ဦးမြင့်သိန်း

0 Comments:

blogger templates | Make Money Online