Monday, October 27, 2008

ဓာတ်ဆီ ဖြည့်စဉ် မော်တော်ယာဉ် တစ်စီး မီးလောင်

ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ဓာတ်ဆီဖြည့်စဉ်မီးလောင်ကျွမ်းမှုတစ်ရပ်"အောက်တိုဘာလ ၁၄ရက်နေ့နံနက်၉နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန၏တရားဝင်"ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါယာဉ်မီးလောင်မှုသည် မရမ်းကုန်းမြို့နယ်(၅)ရပ်ကွက်၊ မောရ၀တီ လမ်း၊ ခြံ"အမှတ်(၁၃၃)တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ဆီဖြည့်နေစဉ် မီးခြစ်ခြစ်လိုက်ရာမှ လောင်ကျွမ်းမှု စတင်ခဲ့"ကြောင်း၊ မော်တော်ယာဉ် မီးလောင်းကျွမ်းမှုကြောင့် တာယာများ၊ မီးသီးလေးလုံး၊ ရှေ့မှန်၊ နောက်မှန်များ၊ ကူရှင်"များနှင့်ယာဉ်တစ်စီးလုံးနီးပါးလောင်ကျွမ်းခဲ့သည့်အပြင် မော်တော် ယာဉ်ထားရာ အဆောက်အအုံ၏ ထုတ်တန်း၊"တံခါးနှင့်ခေါင်မိုးများမီးလောင်ခဲ့ကြောင်း၊ လောင်ကျွမ်းခဲ့သည့် ယာဉ်အမျိုးအစားမှာ Sunny Pick-up ဖြစ်ကြောင်း၊"မီးလောင်ကျွမ်းမှုတစ်ခုလုံး၏ ဆုံးရှုံးမှုတန်ဖိုးကို ကျပ်သုံးသိန်းသတ်မှတ်ပြီးအဆောက်အအုံဆုံးရှုံးမှုကိုသုံးသောင်း"ကျော်သတ်မှတ်ထားကြောင်း အဆိုပါတရားဝင်ထုတ်ပြန်ချက်နှင့် အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား"ချက်အရသိရသည်။ မော်တော်ယာဉ်မီးလောင်ကျွမ်းရာ နေရာသို့မီးသတ်ယာဉ်(၁၄)စီးနှင့်မီးသတ်တပ်ဖွဲ့ဝင်(၁၂၁)
ဦးမီးငြှိမ်းသတ်ခဲ့ကြောင်း ပွင့်လင်းရာသီရောက်လာခြင်းကြောင့် မီးဘေး အန္တရာယ်ကို ပိုမိုဂရုစိုက်ကြရန် လိုအပ်"ကြောင်း မီးလောင်မှုသည်အချိန်အခါ၊ နေရာဒေသမရွေးဖြစ်ပွားတတ်ကြောင်း၊ ထို့ကြောင့် လူတိုင်းက တစ်ဦးချင်း"အသိဖြင့် ဂရုစိုက်သင့် ကြောင်းတိုင်းမီးသတ်ဦးစီးဌာနမှအရာရှိတစ်ဦးကပြောကြားကြောင်း၂၀၀၈ခုနှစ်အောက်တို"ဘာလ ၂၇ရက်နေ့The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 Comments:

blogger templates | Make Money Online