Wednesday, October 29, 2008

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်လတွင် ဆရာဝန်နှင့် တွေ့ခွင့်ပြုမည်

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန်အတွက် သူ၏ မိသားစုဆရာဝန်နှင့် လာမည့် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံဦးမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းနှင့် နိုဝင်ဘာလဆန်းတွင် တွေ့ဆုံခွင့် ထပ်မံခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သူ ဆရာဝန်နဲ့ နိုဝင်ဘာလဆန်းမှ တွေ့ခွင့် ရပါလိမ့်မယ်။ ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တိုးတက်မှု မရှိသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆရာဝန်နှင့် နောက်ဆုံး တွေ့ခွင့်ရသည်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်သည်။ ယခုအခါ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အနီးမှ သံဆူးကြိုးများနှင့် စစ်ဆေးရေးဂိတ်များကို ဖယ်ရှားထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်း ဖြစ်သည်။

0 Comments:

blogger templates | Make Money Online