Monday, October 27, 2008

ဗုဒ္ဓ စာပေကို အင်္ဂလိပ် ဘာသာဖြင့် အခမဲ့ လေ့လာ သင်ယူနိုင်

http://www.khitlunge.net

ဗုဒ္ဓစာပေကို အင်္ဂလိပ်ဘာသာဖြင့် လေ့လာလိုသူများအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း Brightful"Horizon ကုမ္ပဏီက စာသင်ဝိုင်းတစ်ခုစီစဉ်ပေးပြီး သင်ကြားပို့ချလျက်ရှိကြောင်းအဆိုပါကုမ္ပဏီ၏အုပ်ချုပ်မှုအကြီး"အကဲ ဦးဇော်မိုးအောင်ကပြောသည်။ အဆိုပါဗုဒ္ဓစာပေကို လေ့လာရန်စိတ်ပါဝင်စားသူများသည် အင်္ဂလိပ်စာအခြေ"ခံရှိရန် လိုအပ်ကြောင်း၊ ဗုဒ္ဓစာပေကိုလေ့လာခြင်းဖြင့် ပါဠိဖတ်တတ်လာပြီးအတွေးအမြင်လည်းပိုမိုကောင်းမွန်လာ"မည်ဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်ချိန် စက်တင်ဘာလက ၅၀ ဦးခန့်လာရောက် လျှောက်ထားကြောင်း၊ စာဖတ်ဝိုင်း"တစ်ဝိုင်းကို လူ ၂၀ဦးသာ ကန့်သတ်ထားသဖြင့် ပထမလတွင် လူ ၃၇ဦးကိုရွေးချယ် စိစစ်ရကြောင်း၊ ဆက်လက်၍"တက်ရောက်လိုသူများရှိက ညနေပိုင်းအတန်းနှင့် နံနက်ပိုင်းစာဖတ်ဝိုင်းကိုအဆင်ပြေစွာတက်ရောက်နိုင်ရန်ညှိနှိုင်း"သင်ကြားပေးမည်ဖြစ်ကြောင်း၎င်းကဆိုသည်။ ယင်းစာဖတ်ဝိုင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ နေ့"လယ်၁၂နာရီအထိ ပုံမှန်ရှိပြီးနားလည်တတ်ကျွမ်းသည့် ဆရာများက ဓမ္မဒါနအဖြစ်သင်ကြားပို့ချပေးကြောင်း စိတ်"ဝင်စားတက်ရောက်လိုပါက တယ်လီဖုန်းနံပါတ် ၆၆၅၂၃၅ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း၎င်းကထပ်မံပြောကြား"ကြောင်း ၂၀၀၈ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။"

0 Comments:

blogger templates | Make Money Online