Tuesday, October 21, 2008

ပြီးဆုံးလေပြီ ရုဒ်မတ်၊ နိဂုံးချုပ်လေပြီ ကသန်း

(မြန်မာ့နိုင်ငံရေးအပေါ် ဝေဖန်ဆောင်းပါး)

ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်)

သတင်းတချို့ကို သုံးသပ်လိုက်တဲ့အခါ အောက်ကဖော်ပြတဲ့အတိုင်း တွေ့ရှိလိုက်ရပါတယ်။

- သန်းရွှေ ဂန့်တော့မယ်၊ အခြေအနေက သိပ်မဟန်ဘူး၊ သေမယ်ဆိုတာသိလို့ စင်ကာပူဆေးရုံးကလဲ လက်မခံတော့ဘူး။

- ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောနေပေမယ့် သန်းရွှေက ယခုအချိန်အထိ အဲဒီဆုံးဖြတ် ချက်ကို လက်မှတ်မထိုးရသေးဘူး။

- မောင်အေးက တာဝန်အရပ်ရပ် ပြောင်းလွှဲလက်ခံဖို့ အဆင်သင့် ပြင်ဆင်ထားတယ်။

ဒီဖော်ပြထားတဲ့ သတင်းတွေဟာ အဆင့်မြင့်၊ ရာထူးမြင့် နအဖ ချုပ်ကြီးများရဲ့ အသိုင်းအ၀န်းက ထွက်လာတဲ့အ ရာတွေ ဖြစ်ပါတယ်။

မောင်အေး ဘင်္ဂလားဒေ့ရှ် (၃)ရက်ခရီးအထွက်မှာ သန်းရွှေလာရောက်ပို့ဆောင်ခဲ့တာကို တွေ့လိုက်ရတယ်။ ဘယ်လို့လုပ်ပြီး အခြေအနေတော်တော်ဆိုးလို့ ဆေးရုံကလက်မခံတဲ့ မသာလောင်းကြီး ထလာပြန်တာလဲ ဆိုတာ စဉ်းစားရခက်သွားပါတယ်။ ဘာတွေဖြစ်နိုင်သလဲဆိုတာ သိချင်ရင် နအဖရဲ့ ဖြစ်ရိုးဖြစ်စဉ်နဲ့ လုပ်ရိုးလုပ် စဉ်တွေကို လေ့လာဖို့လိုတာပေါ့။

“ရွေးကောက်နိုင်တဲ့ပါတီကို အာဏာလွှဲပေးရုံးပေါ့၊ ဖွဲ့စည်းပုံကို တပ်မတော်က မရေးပါဘူး၊ တပ်မတော်ဟာ သမိုင်းတရားခံ အဖြစ်မခံဘူး၊ အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်ပါ့မယ်” ဆိုပြီး၊ ရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ စောမောင် ရွေးကောက်ပွဲပြီးလို့ အာဏာလွှဲပေးရမယ့် အချိန်လဲရောက်ရော့ အကျပ်ရိုက်သွားတယ်။ နောက်ဆုံး တော့ ကျန်းမာရေးအကြောင်းပြချက်နဲ့ အတင်းနုတ်ထွက်ပေးရတာပါဘဲ။

အခုတစ်ဖန် လမ်းပြမြေပုံအတိုင်း ဖွဲ့စည်းပုံအတည်ပြုပြီးလို့ ၂၀၁၀ အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ့်လို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းနဲ့ မြန်မာ့လူ့ဘောင်ကို ကတိပေးတဲ့ သန်းရွှေ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးရမယ့် အဆင့်ကိုရောက်နေပါပြီး။ ဒါဆိုရင်လမ်းပြမြေပုံ ပြီးဆုံးပါပြီ။

ခက်တာက သန်းရွှေလက်မှတ်ထိုးတာနဲ့ နောက်တဆင့်လုပ်ရမယ့်အလုပ်က ၉၀ ရွေးကောက်ပွဲမှာ အပြတ်အ သတ်အနိုင်ရထားတဲ့ အန်အဲလ်ဒီ နဲ့ အဲဒီရွေးကောက်ပွဲရလာဒ်ကို တရားမ၀င်ကြောင်းမလုပ်ရင် နိုင်ငံတော်ရဲ့ နောင်ရေးဟာ အင်မတန်ရုပ်ဆိုးပြီးတော့ ဖျက်ဆီးရေးလမ်းကြောင်းပေါ် ရောက်နေလိမ့်မယ်။ လုပ်ပြန်ရင်လဲ အပြည်ပြည်ဆိုင်ရာကိုရော့ မြန်မာ့လူ့ဘောင်ကိုပါ ဒဲ့ဒိုးရင်ဆိုင်ရမယ့် အန္တရာယ်က မသေးပြန်ဘူး။ ဘယ်ဟာဘဲ ရွေးရွေး သမိုင်းတရားခံ ဖြစ်မှာကလွှဲလို့ သန်းရွှေ ကမ်းမမြင်တော့ပါဘူး။ ရှင်းရှင်းပြောရရင် သန်းရွှေ အဲဒါအဖြစ် မခံနိုင်တာ ရှင်းနေပါပြီး။

အခုအချိန်အထိ အန်အဲလ်ဒီ ခေါင်းဆောင်က ထိပ်တိုက်ရင်ဆိုင်ရေးကို ရှောင်ရှားပြီး၊ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတာဖြစ်ပေမယ့် ဖွဲ့စည်းပုံအတည်ပြုပြီး ရွေးကောက်ပွဲလို့ အသံပြုတာနဲ့ ရဲရဲဝံ့ဝံ့ ကန့်ကွက် ဆန့်ကျင် လှုပ်ရှားလာတာကို သုံးသပ်ရင်၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ကို မျက်ကွယ်ပြုမိတာ မဟာအမှားဖြစ်ကြောင်း သန်းရွှေ သဘောပေါက်ပုံရပါတယ်။

သန်းရွှေနောက်ထပ် သတိထားမယ်လို့ သုံးသပ်ရတဲ့အချက်တချို့က -

- ၉၀ ရွေးကောက်ပွဲတုန်းက စစ်တပ်အဓိကဖြစ်တဲ့ မဲဆန္ဒနယ်တွေထဲမှာ အန်အဲလ်ဒီ ပြတ်ပြတ်သားသား နိုင်ခဲ့တယ်၊

- အန်အဲလ်ဒီခေါင်းဆောင်ပိုင်း အတော်များများကလဲ အဆင့်မြင့်စစ်အရာရှိဟောင်းတွေ ဖြစ်တယ်၊

- လက်ရှိမိမိတို့လက်အောက် တပ်မတော်သားတွေ အထဲမှာ အန်အဲလ်ဒီ ထောက်ခံသူတွေ မြောက်များ ရှိနေလို့ ဘယ်လိုထိန်းချုပ်နေရတယ်

- ခင်ညွှန့်လက်အောက်ခံ တောက်လှမ်းရေးတပ်ရဲ့ တန်ပြန်ထိုးနှက်ချက် ဆိုတာနဲ့

- အပြည်ပြည်ဆိုင်ရာက ဘယ်လိုတုန့်ပြန်လာမလဲ

ဆိုတာတွေ ဖြစ်ပါတယ်။

အန်အဲလ်ဒီကိုသာ တရားမ၀င်ကြောင်းကျေညာမယ်ဆိုရင် ပြည်တွင်းမှာရော့ ပြည်ပမှာပါ ရင်ဆိုင်ရမယ့်အ ခက်အခဲတွေဟာ ၂၀၁၀ အထိ နအဖ သက်ဆိုးရှည်ဖို့ ဖြစ်နိုင်ခြေအတော်နည်းတာလဲ သန်းရွှေကြီး ကောင်းကောင်း သုံးသပ်တတ်နေပါပြီ။ အန်အဲလ်ဒီရဲ့ လက်ရှိနိုင်ငံရေးထိုးစစ်တွေဟာ နအဖကို သိသိ သာသာ ခြိမ်းခြောက်နေပါပြီ။ အထူးသဖြင့် အန်အဲလ်ဒီမျိုးဆက်သစ်တွေ၊ ကျောင်းသားလူငယ်တွေ၊ ရဟန်း သံဃာတော်တွေဟာ ထိပ်တိုက်မရင်ဆိုင်ရေးဆိုတဲ့ ခေါင်းဆောင်ပိုင်းကို ဖယ်ရှားပြီး အသေခံတိုက်ခိုက်လာ နိုင်တဲ့ အနေအထားမှာဆိုတော့ ယင်းတို့နဲ့ပူးပေါင်းပြီး တပ်မတော်သားတွေသာ နဲနဲပါးပါး ပါလာရင်တော့ ပြည်သူတွေအလုံးအရင်း ၀င်တိုက်လာမယ်ဆိုတာ သန်းရွှေ မသိယောင်ဆောင် မနေနိုင်တော့ပါဘူး။ ဒီလို အခြေအနေသာ ဖန်တီးလာရင် အပြည်ပြည်ဆိုင်ရာကလဲ နအဖကို ဆက်လက်လက်ခံအသိအမှတ်ပြုဖို့ ဖြစ် နိုင်ခြေလုံးဝ မရှိပါဘူး။

ဒီလောက်ထိလူမိုက်လုပ်ပြီး နောက်ဆုံးကြိုးစင်ပေါ်ရောက်နိုင်တဲ့ အခြေအနေတစ်ရပ်ကို သန်းရွှေ အဖြစ်မခံ နိုင်တာ သေချာပါတယ်။ ဒါကြောင့်မို့လို့လဲ လက်မှတ်ထိုးဖို့ တုံ့ဆိုင်းနေတာဖြစ်ပါတယ်။

နောက်ထပ်ဖြစ်နိုင်ချေတစ်ရပ်က အန်အဲလ်ဒီကို မတရားမကျေညာဘဲ ရွေးကောက်ပွဲကျင်းပရင် သူတို့ ကိုယ်တိုင်ရွေးကောက်ပွဲမ၀င်ပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းခဲ့ပြီဆိုတော့ ရွေးကောက်ပွဲပြီးလို့ တက်လာ မယ့်အစိုးရနဲ့ စင်ပြိုင်အစိုးရဖွဲ့နိုင်တာပါဘဲ။ ဒီလိုသာဖြစ်လာရင် ပြည်တွင်းစစ်ကို မလွှဲရှောင်နိုင်တော့ဘူး ဆိုတာ ထင်ရှားနေပါပြီ။

ကိုယ်မွေးထားတဲ့မျောက် ကိုယ့်ကိုပြန်ချောက်နေပြီ ဆိုသလိုဘဲ အခက်ဆုံးကတော့ သန်းရွှေလက်အောက် က အာဏာရှင် သန်းရွှေလေးတွေပါဘဲ။ မူးလို့ကောင်းတဲ့အာဏာ လက်မလွှတ်ချင်တာနဲ့ သန်းရွှေကို သူဖန်တီးကျင့်သုံးခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လက်မိုက်ရူးရိုင်းရင်ရိုင်း၊ မရိုင်းရင်တော့ ပွဲကြီးဆင်နွှဲအုံး မှာဘဲ။ သန်းရွှေကြီးတော့ အခု တကယ့်အဲဒီအခြေအနေကို ရင်ဆိုင်နေရပြီလို့ သုံးသပ်ပါတယ်ခင်ဗျား။

ကသန်းရွှေတော့ အတော်အကျပ်ရိုက်နေပြီး။ အဖိုးကြီးက သူ့ဆရာတွေနောက်က လိုက်ရမှာကလွှဲလို့ option တစ်ခုမှမကျန်တော့ပါဘူး။ အသက်ကလဲ အတော်ရှိနေပြီ၊ လုပ်လိုတာတွေကလဲ လုပ်လို့ဝပြီ၊ အခု အခါနေ နေမထူး၊ သေမထူး သူရဲကောင်းစစ်သားပီပီ သူ့ဆရာနေ၀င်း၊ စောမောင်နည်းတူ ဘ၀ကို ရဲရဲရင် ဆိုင်ရုံပါဘဲ။

ဘယ်မှဆေးဝါးကုသခွင့် မပေးပါဘူး၊ ပြီးရင် ဘယ်မှထွက်ခွင့်လဲ ရမှာမဟုတ်ပါဘူး။ စစ်ဆေးရုံးမှာ သူကိုယ် တိုင်အမိန့်ပေးခဲ့တဲ့ ဆရာဝန်တွေကို သူ့ဆရာနည်းတူ မရဏဆီသို့ ဆေးဝါးကုသခွင့်ကလွှဲရင် တခြားအ ခွင့်အရေး မရှိပါတကား။

မယ်တော်ဘုရား၊ သမီးတော်ဘုရား စတဲ့အခေါ်အဝေါ်တွေကြောင့် ပါးအရိုက်ခံဖူးတဲ့ တစ်ချိန်က လက် အောက်ငယ်သားတွေ အုပ်ချုပ်မယ့်ကာလမှာ မိကြိုင်တို့၊ ပေါက်ပေါက်တို့ ဘယ်ဝကဘယ်လိုရှိလိမ့်မလဲ နော်။ တွေးရင်းကသန်း ရတက်မအေးနိုင်ထင်ပါ့။ အော်လောကကြီးရဲ့ တရားချိန်ခွင်လဲ လျို့ဝှက်ပြီး အင်မ တန်ထူးဆန်းပါလား။

ဤတွင်ရုဒ်မတ်လဲပြီး၏၊ ကသန်းလဲ ဂန့်၏ ပါဘဲ။



အစဉ်လေးစားလျက်၊

အောက်တိုဘာ (၁၀)၊ ၂၀၀၈။


0 Comments:

blogger templates | Make Money Online