Monday, October 27, 2008

ကမ္ဘာ့ စီးပွားရေး အခြေအနေ ငါးနှစ် အတွင်း ပြန်ကောင်း လာမည်



http://www.khitlunge.net

စင်္ကာပူနိုင်ငံ Human Capital Summit စည်းဝေးပွဲတွင် နိုင်ငံ၏ ၀ါရင့်ခေါင်းဆောင်ကြီးဖြစ်သူ လီကွမ်ယူ
က ယနေ့ ဈေးကွက်ကသောင်းကနင်းဖြစ်မှု၏ အတိမ်အနက်နှင့် မည်မျှကြာကြာဒုက္ခခံရမည်ကိုခန့်မှန်း ပြောဆိုရန်
မလွယ်ကူကြောင်း၊ အာရှဒေသသည် ကမ္ဘာ့အခြား ဒေသများထက် အခြေအနေ ကောင်းမွန်ကြောင်း၊ တရုတ်နှင့်
အိန္ဒိယ၏ တိုးတက်မှုအခြေအနေကြောင့် အာရှအတွက် သက်သာ ခွင့်ရကြောင်း၊ အခြေအနေအရ အလုပ်လက်မဲ့
ဖြစ်သွားကြရသူများသည် မိမိတို့၏အသိပညာနှင့်ကျွမ်းကျင်မှုများတိုးပွားအောင်ဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊
ဘဏ်လုပ်ငန်း၏ ချွတ်ယွင်းချက်များကို ပြင်ဆင်ပြီးသွားလျှင် ကမ္ဘာ့ စီးပွားရေးသည် သုံးနှစ်မှ ငါး နှစ်အတွင်း ပြန်
လည် တည်ငြိမ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ (အေအက်ဖ်ပီ)


ဦးမြင့်သိန်း

0 Comments:

blogger templates | Make Money Online