Thursday, October 9, 2008

မစ္စတာဂမ်ဘာရီ၏ခရီးစဉ် မြန်မာနိုင်ငံရေးအတွက်တိုးတက်မှုမရှိဟု အန်အယ်လ်ဒီကြေညာ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံရေး အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုတစုံတရာ မရရှိခဲ့ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ယနေ့ တရားဝင်ထုတ်ပြန် ကြေညာသည်။

အန်အယ်လ်ဒီ၏ ကြေညာချက်၌ “မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ (၆) ကြိမ် လာရောက်ကာ သံတမန်ရေး ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အင် အားစုများနှင့် နအဖတို့အကြား နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ပြောင်းလဲရေးသို့ ဦးတည်သော တိုးတက်မှု
တစုံတရာမျှ မတွေ့ ရှိသေးဟု” ပါရှိသည်။
မစ္စတာဂမ်ဘာရီအနေဖြင့် နအဖဘက်မှ အဆုံးအဖြတ်ပေးနိုင်သော အဆင့်မြင့်ခေါင်းဆောင်နှင့် တွေ့ဆုံခွင့်ရအောင် မကြိုးစားနိုင်ကြောင်း၊ တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ ဆုံခြင်းမရှိကြောင်းနှင့် နအဖ အစီအစဉ်အတိုင်းသာ လက်ခံဆောင်ရွက်ပြီး တန်ဖိုးကြီးမားသည့် အချိန်များ အကျိုးမဲ့ ကုန်ဆုံးစေခဲ့ကြောင်းလည်း အန်အယ်လ်ဒီက ဝေဖန်ခဲ့သည်။
ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲအပေါ်သဘောထားကို အန်အယ်လ်ဒီက မစ္စတာဂမ်ဘာရီအား မေးမြန်းရာတွင် ပြန်ဖြေကြားခြင်းမရှိခဲ့ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ ကြောင်း အန်အယ်လ်ဒီက ပြောထားပါလျှက် နအဖနှင့်တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ကျွမ်းကျင်မှု အကူညီပေးရေး ပြောကြားခဲ့ခြင်းသည် ဒီမိုကရေစီ လိုချင်သည့် မြန်မာပြည်သူ
လူထုအကြား သို့လော သို့လောဖြစ်ကာ မကျေနပ်မှုများတိုးပွားလာစေခဲ့သည်ဟု အန်အယ်လ်
ဒီ၏ ကြေညာချက်၌ပါရှိသည်။ ။

0 Comments:

blogger templates | Make Money Online